Tuesday, 29 September 2009

Mobile Phone ခြေရာခံစနစ်


Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသည့် ခြေရာခံစနစ်တစ်ခုအား ထုတ်လုပ်လိုက်ပြီး မိဘများအနေနှင့် သားသမီးများ မည်သည့်အချိန်တွင် မည်သည့်နေရာ ရောက်ရှိနေမည်ကို လွယ်ကူစွာ သိရှိနိုင်မည့် ၀န်ဆောင်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအခြေအနေကြောင့် အိမ်ရှင်မကို လှည့်ပတ်ပြောဆိုကာ အလည်အပတ် ၀ါသနာထုံသော ယောက်ျားများအတွက် စိတ်ညစ်စရာ ဖြစ်လာနိုင်ကြောင်းလည်း ပညာရှင်များကဆိုသည်။

Google Latitudeဟု အမည်ပေးထားသော အဆိုပါ Softwareသည် မိုဘိုင်းလ်ဖုန်း Versionအမြင့်စားများတွင် အသုံးပြုနိုင်ပြီး Blackberryလက်ကိုင် ကွန်ပျူတာ အငယ်စားလေးများတွင်လည်း ထည့်သွင်းထား နိုင်မည်ဖြစ်သည်။ ထိုService အသက်ဝင် လှုပ်ရှားလာချိန်တွင် ဖုန်းကိုင်ဆောင်သူ ရောက်ရှိနေမည့်နေရာကို အခြားမိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားပြီး ၎င်းကိုယ်တိုင်က သိရှိစေရန် ခွင့်ပြုထားသူများက မြေပုံမှတဆင့် သိရှိနေမည်ဖြစ်သည်။ Googleကမူ ယခုဝန်ဆောင်မှုသည် မိမိအလေးထား မြတ်နိုးသူတစ်ဦးကို မျက်စိအောက်မှ အပျောက်မခံနိုင်သူများအတွက် အကောင်းဆုံး တီထွင်ဆန်းသစ်မှု တစ်ခုဟု ညွှန်းဆိုထားသည်။ သို့သော်လည်း အချို့သူများက ယခုServiceကြောင့် Privacyပိုင်းတွင် ထိခိုက်လာမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။ ထိုSoftwareတွင်


မှတ်ချက် .. ရွှေအိုးဝဘ်ဆိုက်မှ တစ်ဆင့် ကူးယူဖော်ပြလိုက်ပါသည်။
ဆက်လက်ဖတ်ရှု့ရန် ...

No comments:

Post a Comment