Showing posts with label news. Show all posts
Showing posts with label news. Show all posts

Thursday, 1 October 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ဖိနပ်နဲ့ပေါက် ဆန္ဒပြ



Nyan Winနယူးယောက် (စက်တင်ဘာ ၂၈) - ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသာ မြန်မာ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို မြန်မာကိုယ်စားလှယ် အဖွဲ့တည်းခိုရာ ဟိုတယ်ရှေ့တွင် ဆန္ဒပြနေသူတစ်ဦးမှ ဖိနပ်နှင့် ပစ်ပေါက်ဆန္ဒပြခဲ့သည်ဟု သိရသည်။ (ဗီဒီယိုပါကြည့်ရှုနိုင်သည်)

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်အဖွဲ့ တည်းခိုသည့် East Gate ဟိုတယ်အရှေ့တွင် တနင်္လာနေ့ မနက် အစောပိုင်းကတည်းက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုရုံးဆန္ဒပြနေခဲ့ရာ ကိုယ်စားလှယ်အဖွဲ့နှင့် လိုက်ပါလာသူအချို့က ဆန္ဒပြသူများကို ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးသွားခဲ့သည်။ ညီလာခံတက်ရောက်ရန်အတွက် ဦးဥာဏ်ဝင်း ဟိုတယ်မှ ထွက်လာချိန်တွင် ဆန္ဒပြသူများ ပိုမိုပြင်းထန်စွာ ဆန္ဒပြခဲ့ကြပြီး ဦးဥာဏ်ဝင်း လိုက်ပါသွားသော ကားကို ဆန္ဒပြသူတစ်ဦးမှ ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည်ဟု သိရသည်။ ဖိနပ်နှင့် ပစ်ပေါက်သူ အဆိုပါ မြန်မာတစ်ဦးကို နယူးယောက်ရဲတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး မကြာမီ ပြန်လွှတ်ပေးခဲ့သည်ဟု VOA သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။ ဟိုတယ်ရှေ့တွင် ပိတ်ဆို့ ဆန္ဒပြမှုများ ရှိနေသဖြင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည်လည်း ဟိုတယ်အနောက်ပေါက်မှ ညီလာခံကျင်းပရာ ကုလသမဂ္ဂဌာနချုပ်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့ရသည်ဟု သိရသည်။ ဆန္ဒပြသူများတွင် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်လည်း ပါဝင်သည်။




http://www.youtube.com/watch?v=SijFNXBu_v8&feature=player_embedded