နောက် OS အသစ်တစ်ခု သုံးကြည့်တာက Google နဲ့ Linux ပေါင်း ထုတ်တယ်ဆိုတဲ့ GOS ဗျ၊ တကယ့် Green OSဗျာ။ တော်တော်လေးကိုလှတယ်။
GOS Download
Download ချလိုက်ရင် ISO file type နဲ့ ရမယ်၊
ISO burner Download
ISO Burner နဲ့ CD ဖြစ်ဖြစ် DVD ဖြစ်ဖြစ် burn လိုက်၊(အကောင်းဆုံးက DVD နဲ့ ပါ)
ပြီးရင်ခွေ ကို Drive ထဲထည့် ပြီး Restart လုပ် ။ ပြန်တက်လာရင် GOS welcome screen ပေါ်နေပြီ။ GOS Install ကို click ရုံပဲ ။ အဲဒါပြီးရင် OS ကိုစမြင်ရပြီ ၊ သုံးလို့တော့ မရသေးဘူး။ Desktop ပေါ်မှာ Install ဆိုတဲ့ Icon လေးရှိတယ်။ Run လိုက်ရုံပဲ။
အဲ တစ်ခုတော့ ရှိတယ်။ Guide partition နဲ့ run လို့ကတော့ partition ၉ ခု ခွဲပစ်လိုက်တာနော်။ သတိတား ။ စုထားတဲ့ Data လေးတွေကုန်သွားမယ်။ ၂၄ နာရီ online free သုံးနေတဲ့ လူတွေနဲ့ ဆိုရင် တော်တော် အဆင်ပြေတဲ့ OS ပါ ။ စမ်းကြည့်ပေါ့။ အလကားရတာပဲဟာ။
Monday, 28 September 2009
GOS

0 comments
Post a Comment