Showing posts with label OFFIFE KNOWLEDGE. Show all posts
Showing posts with label OFFIFE KNOWLEDGE. Show all posts

Wednesday, 23 September 2009

Office 2007 SP2 ထွက်ပြီ..

Image By: softpedia
Image By: softpedia

Office 2007 SP2 Available for Download in April 2009 ဆိုပြီးကြောငြာခဲ့ပါပြီ.. ထွေထွေထူးထူးမပြောတော့ဘုး.. ကျွန်တော်လည်း အခုမှ ဒေါင်းနေတုံးဆိုတော့ ဘာတွေပါလာမလဲဆိုတာမသိသေးပါဘူး..။ အားလုံးဒေါင်းနိုင်အောင်လို့ လင့်ပေးလိုက်ပါတယ်…

ဒေါင်းမယ်ဆို ဒီမှာနှိပ်ပါ။

ထူးခြားတာလေးကိုပြောထားတာလေးကတော့…
“ MS Office 2007 will support ODF format
Here is one great news for both Office 2007 and ODF format. SP2 of Office 2007 will bring in ODF support to Office 2007. With the release of Microsoft Office 2007 Service Pack 2 (SP2) scheduled for the first half of 2009, Office 2007 will additionally include support for XML Paper Specification (XPS), Portable Document Format (PDF) 1.5, PDF/A and Open Document Format (ODF) v1.1. ” လိုဆိုထားပါတယ်.. အောက်ကပုံလေးကိုကြည့်နိုင်ပါတယ်..
Google photo
Google photo
ဒေါင်းမယ်ဆိုဒီမှာနှိပ်ပါခင်ဗျာ…

မိုင်ကရိုဆော့ဖ်

ပထမဆုံး မိုင်ကရိုဆော့ဖ်ဝေါ့ကို ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ထိုစဉ်ကအမည်မှာ Multi-Tool Word for Xenix System ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ မိုင်ကရိုဆော့ဖ်ဝေါ့ဟု အမည်ပြောင်းထုတ်လုပ်ခဲ့ပါတယ်။ မိုင်ကရိုဆော့ဖ်ကို အမေရိကန်နိုင်ငံအခြေစိုက် မိုက်ကရိုဆော့ဖ်ကုမ္ပဏီရဲ့ အဓိက စာစီဆော့ဖ်ဝဲတစ်ခုဖြစ်သလို ယခုလက်ရှိမှာလည်း ကျွန်မတို့နိုင်ငံမှာ ရုံးသုံး၊ လုပ်ငန်းသုံးအဖြစ် လူသိများလာပါတယ်။ ဒီလို လူသုံးများလာသလို ဗားရှင်း အသစ်အသစ်တွေလည်း အမြဲထွက်ပေါ်လျက် ရှိပါတယ်။ ဟိုးရှေးက ဗားရှင်းတွေကိုတော့ ကျွန်မ မပြောတော့ပါဘူး။ အင်း ၂၀၀၁ ခုနှစ်မှာ Word 2003 (version 10) လို့ခေါ်တဲ့ Office XP ဆိုတာ ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ ဟော ၂၀၀၃ ခုနှစ်လည်း Word 2003 (version 11) ရောက်ရော ဆိုပြီး Office 2003 ပေါ်ထွက်လာခဲ့တာဆိုရင် အခုလက်ရှိမှာ လူတော်တော်များများ သုံးနေကြတဲ့ Word 2003 လို့ ပြောလို့ရတာပေါ့နော်။ ခေတ်က အမြဲပြောင်းလဲနေတယ်ဆိုတာ ကျွန်မ သိခဲ့ရပြန်တယ်။ ကဲ အခု ၂၀၀၈ ခုနှစ်ရော်လာပြန်တော့ Office 2007 ဆိုတာ ထပ်ထွက်လာပြန်ပြီ ။ကျွန်မတို့ Office 2003 ကို ခုမှ လေ့လာတုန်းရှိသေးတယ်။
နောက်ဗားရှင်းတစ်ခုက ထွက်ပေါ်လာပြန်ပြီ။ ကဲ ဘယ်လိုလုပ်ကြမလဲ။ Word 2007 (version 12) ကို ၂၀၀၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာလို့ သိခဲ့ရပြန်တယ်။ Office 2007 အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်မှာ စတင်ရောင်းချခဲ့ပါတယ်။
အမှန်ပြောရရင် အရင် ၂၀၀၃ မိုင်ကရိုဆော့ဖ်ဝေါ့တောင် လေ့လာလို့ မဆုံးသေးတာ။ အခု ၂၀၀၇ ထပ်ပေါ်လာတော့ ပိုဆိုးတော့မှာဘဲ။
အခုလက်ရှိမှာ ကျွန်မရဲ့ရုံးသုံး ကွန်ပျူတာမှာ ၂၀၀၇ ဗားရှင်း တင်ထားပါတယ်။ စာရိုက်ပြီး သိမ်းလိုက်ရင် ဘာနဲ့သိမ်းပေးသလဲဆိုတော့ .docx နဲ့သိမ်းပေးတာကို တွေ့ရတယ်။ ဒါပေမဲ့ သူ့မှာ ဘာပြဿနာရှိလည်းဆိုတော့ ၂၀၀၃ word မှာ ဖွင့်လို့ မရတာကို သွားတွေ့ရတယ်။ ဒီတော့ သိမ်းတဲ့နေရာကို ပြန်ကြည့်တော့ word 2003 ကို ရွေးပြီး သိမ်းမယ်ဆိုရင်တော့ .doc နဲ့ သိမ်းပေးပါတယ်။ ဒါပေမဲ့ ကျွန်မစက်မှာ ၂၀၀၃ မိုင်ကရိုဆော့ဖ် မရှိလို့ ဖွင့်လို့ ရ မရ စမ်းသပ်လို့ မရပြန်ဘူး။ အဲဒီမှာ ကျွန်မ စမ်းသပ်ဖို့ အကြောင်းဖန်လာတာကတော့ ကျွန်မဆီကို မေးလ်ကနေ

ဝေါ့ဖိုင်နဲ့ att file လုပ်ပြီး ပို့လိုက်တဲ့စာကို ကျွန်မ ဖွင့်ကြည့်တဲ့အခါ ၂၀၀၃ ဗားရှင်းကို install လုပ်ပါလို့ လာပြောတော့တာပါပဲ။ ဖိုင်ကတော့ ဖွင့်လို့မရဘူး။ ယခုလက်ရှိမှာ ကျွန်မလည်း အလုပ်တွေ များနေတဲ့အတွက် စမ်းသပ်ခွင့် မကြုံသေးတာနဲ့ ဗားရှင်းနှစ်ခုကို မစမ်းသပ်ရသေးပါဘူး။
၂၀၀၃ ဗားရှင်းက ဖိုင်တွေ ၂၀၀၇ ဗားရှင်းမှာ ဖွင့်လို့ရတယ်လို့ ပြောတာပဲ။
တကယ်လို့ လူကြီးမင်း သိထားခဲ့ရင် ပြောပြစေချင်ပါတယ်။ ဒါပေမဲ့ သူ့မှာ သုံးရမယ့် Tools တွေ အများကြီး ထပ်ပါလာတာတွေ့ရတော့ ၀မ်းသာဖို့ ကောင်းလှပါတယ်။ Ribbob ပုံစံနဲ့ ပြထားတာတွေဟာ မျက်စိမှာ အမြင်စိမ်းပေမဲ့ နည်းသိရင် သုံးရလွယ်မယ်လို့ ထင်ပါတယ်။
www.missingmanuals.com မှာ Ribbon တွေအကြောင်းကို ၀င်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့သိထားသမျှကို ပြန်လည် ဖောက်သည်ချစေချင်ပါတယ်။

ဝက်ဆိုဒ်တစ်ခုမှကောက်နုတ်ချက်