Showing posts with label BLOG. Show all posts
Showing posts with label BLOG. Show all posts

Sunday, 27 September 2009

File Hosting

File Hosting ဆိုတာက ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို အဲဒီ့ Site တွေက သိမ်းပေးထားပြီး http://..... ဆိုတဲ့ URL Link လေး ပြန်ထုတ်ပေးတာပါ. အဲဒါကိုမှ ကိုယ်တင်ချင်တဲ့ website, blog စတဲ့နေရာတွေမှာ တင်ပေးရတာမျိုးပါ. (Host= အိမ်ရှင် ဆိုတော့ ကိုယ့်ဖိုင်လေးတွေက သူ့အိမ်မှာ သွားပြီး စတည်းချနေတာပေါ့ဗျာ.)

Free hosting site တွေ ရှိသလို အခကြေးငွေနဲ့ တင်ပေးတဲ့ site တွေလည်း ရှိပါတယ်. Professionally လုပ်တော့မယ့်သူတွေ၊ ဒါမှမဟုတ် file အများကြီး တင်ချင်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး Capacity များများပေးတဲ့ hosting site တွေမှာ accnt လုပ်ကြပါတယ်. ပုံမှန် ကျွန်တော်တို့လို အပျော်တမ်းသမားတွေကတော့ free hosting site တွေကိုပဲ သုံးကြပါတယ်. သိပ်များလာလို့ မနိုင်တော့ရင် နောက်ထပ် accnt တစ်ခု ထပ်ဖွင့်ရုံပဲပေါ့ဗျာ. အဓိကက ပိုက်ဆံ မပေးရရင် ပြီးရော မဟုတ်လား. ဟတ်ဟတ်

ကဲ. ဒါလေးတွေကတော့ ကျွန်တော်တို့ သိထားသင့်တဲ့ free hosting site လေးတွေပါပဲ ခင်ဗျာ.

ပုံတင်ရန်

http://imageshack.us/
http://photobucket.com/

ဖိုင်တင်ရန်

http://www.fileden.com/
http://www.filefactory.com/
http://www.filexoom.com/
http://www.ripway.com/
http://www.pages.google.com/
http://www.mediafire.com/
http://files-upload.com/
http://www.wikiupload.com/
http://upload2.net/
http://www.filecrunch.com/


အဲဒါလေးတွေကတော့ ကျွန်တော်သိသလောက်လေးတွေပါပဲ. တစ်ခုနဲ့တစ်ခု ပေးတဲ့ storage space မတူပါဘူး. Fileden က 1 G ပေးပါတယ်. Ripway ကတော့ 30 MB ပဲ ပေးပါတယ်. ကျန်တာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ. Unlimited ပေးတာ တစ်ခုတော့ ရှိပါတယ်. Mediafire ပါ. (စာအုပ်တွေတင်ဖို့ သိပ်ကောင်းပါတယ်) Pages.google.com ကတော့ google pages ကို ပြောတာပါ. Account Sign Up လုပ်စရာ မလိုပါဘူး. ကိုယ့်ရဲ့ Gmail Account နဲ့ပဲ သုံးလို့ရပါတယ်.



Friday, 18 September 2009

MUSIC PLAYER FOR BLOG

မိမိဘလော့ဂ်မှာ Music Player ထည့်တာနဲ့ ပတ်သက်ပြီး C-Box မှာ ချစ်ပါးလုံး မေးထားလို့ တခြားမသိသေးသူများလဲ သိသွားအောင် ပို့စ်တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်။ Player တွေ ထည့်တာကတော့ နည်းအမျိုးမျိုး ရှိကြသလို Site အမျိုးမျိုးလဲ ရှိပါတယ်။ အဓိကတော့ Player တွေမှာ HTML Code ထွက်လာဖို့ပါပဲ။ HTML Code ထွက်လာရင် ကျွန်တော်တို့ ဘလော့ဂ်တွေမှာ ထည့်လို့ရပြီပေါ့။ အခု ကျွန်တော် Site တစ်ခုကို နမူနာယူပြီး Player ထည့်သွင်းတာကို ပြောပြသွားပါမယ်။

ပထမဦးဆုံး ထည့်သွင်းချင်တဲ့ သီချင်းတွေကို Upload တင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ Fileden မှာ တင်ပါတယ်။ Googlepages ၊ Ripway တို့လို ဆိုဒ်များမှာလဲ တင်နိုင်ပါတယ်။ အခု သီချင်းကို Upload တင်ပြီးရင် Player လုပ်တဲ့ ကဏ္ဍလေးကို လုပ်ကြည့်ကြမယ်။

ဒီအပိုင်းမှာ ကျွန်တော် ( ၃ ) ပိုင်းခွဲပြီး လုပ်သွားပါမယ်။

(၁) Add Misic
(၂) Customize
(၃) Save Playlist

(၁) Add Misic

* MP3 - Players ကို သွားပြီး Sign Up လုပ်ပါ။
* Music Playlist Skins တွေ အများကြီး တွေ့ပါလိမ့်မယ်။
* နှစ်သက်ရာ တစ်ခုကို ပုံကို Clcik (သို့) Create A Playlist ကို Click လိုက်ပါ။



* Create A Music Playlist Pages ကိုရောက်ရင် Add URL ဆိုတာကို Click လိုက်ပါ။
* ပေါ်လာသော Blank Box များတွင် အောက်ပါအတိုင်း ထည့်သွင်းလိုက်ပါ။




* 1 URL = မိမိ ထည့်သွင်းချင်တဲ့ သီချင်းကို Upload တင်ထားတဲ့ လင့်ခ်ကိုထည့်ပါ။
* 2 Artist = မိမိ နှစ်သက်ရာ ထည့်သွင်းနိုင်ပါတယ်။
* 3 Title = မိမိ နှစ်သက်ရာ ထည့်သွင်းနိုင်ပါတယ်။



နေရာအလိုက် ထည့်သွင်းပြီးပြီဆိုရင် Add Tack ကို Click လိုက်ပါ။ ဒါဆိုရင် ညာဘက်မှာရှိတဲ့ Player ထဲမှာ List ၀င်သွားပါပြီ။ နောက် တစ်ပုဒ်ထပ်ထည့်မယ်ဆိုရင်လဲ ပထမဦးဆုံးလုပ်သလိုပဲ လိုအပ်တာတွေ ထည့်သွင်းပြီး Add Tack ကို Click ပါ။ ထည့်ချင်တဲ့ သီချင်းတွေ ကုန်ပြီဆိုရင် နောက်တဆင့်ဖြစ်တဲ့ Customize အဆင့်ကို သွားပါမယ်။





(၂) Customize

Customize မှာ ပထမဦးဆုံး ရွေးလာတဲ့ Player Skin တွေကို မကြိုက်ဘူးဆိုရင် ထပ်ရွေးနိုင်ပါတယ်။ Colors & Style ၊ Setting တွေကို ပြင်ဆင်နိုင်ပါတယ်။ Colors & Style မှာ မိမိ စိတ်ကြိုက် ပြန်လည် ပြုပြင်နိုင်ပါတယ်။ Setting မှာတော့ Autoplay ပေးမှာလား ၊ Lopp ပေးထားမှာလား စသဖြင့် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ Save Playlist အဆင့်ကို ထပ်သွားပါမယ်။



(၃) Save Playlist

Save Playlist မှာ Playlist Title ကို မိမိပေးချင်တာ ဖြည့်ပြီး အောက်နားမှာ ရှိတဲ့ Save ( get code ) ဆိုတာကို Click လိုက်ပါ။ ဒါဆို အောက်မှ ပြထားတဲ့ အတိုင်း Code လေး ထွက်လာပါလိမ့်မယ်။





နောက်ဆုံးမှာ ရလာတဲ့ Code တွေကို ဘယ်လို ထည့်မလဲဆိုတော့ -

အဲဒီ ရလာတဲ့ Code ကို မိမိဘလော့ဂ် ဆိုဒ်ဘားမှာ ထည့်နေကျအတိုင်း Add a Gadget ကနေ HTML / JAVASCRIPT ကိုရွေးပြီး ထည့်လိုက်ပါ။ ပြီးရင် ထားချင်တဲ့ နေရာမှာ နေရာချပြီး Template ကို Save လိုက်ရင် မိမိဘလော့ဂ်မှာ Music Player တစ်ခု ထည့်သွင်းပြီးသား ဖြစ်သွားပါပြီ။ Width & Height ကိုတော့ မိမိ ဆိုဒ်ဘားနဲ့ ကိုက်ညီအောင် အနည်းငယ် ပြင်ဖို့ လိုပါတယ်။ Code ကျွမ်းကျင်သူများအတွက်တော့ လိုသလို ပြုပြင်မှုများ ပြုလုပ်နိုင်ပါတယ်။

ဒီလောက်ဆို အဆင်ပြေမယ် ထင်ပါတယ်။ ကျွန်တော်ရေးထားတာ စာတွေ များကောင်း များနေလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဆင့်ချင်းကို နားလည်အောင် ရေးထားတာမို့ များနေတယ်လို့ ထင်ရတာပါ။ တကယ်လုပ်လိုက်ရင် ခဏလေးပါ။

ခင်မင်စွာဖြင့်

မနောသား

Template လေးတွေယူရအောင်

1. finalsense (http://www.finalsense.com/services/blog_templates/)
2. mashable (http://mashable.com/2008/05/17/70-plus-new-and-beautiful-blogger-templates/)
3. mashable (http://mashable.com/2007/09/13/blogger-templates)
4. blogcrowds (http://www.blogcrowds.com/resources/blogger_template.php)
5. btemplates (http://btemplates.com/)
6)templatesblogger (http://www.templatesblogger.net/)