Showing posts with label MS TO JPEG. Show all posts
Showing posts with label MS TO JPEG. Show all posts

Monday, 28 September 2009

MS word to JPEG image Converting




အရင်ဆုံး ပြောင်းချင်တဲ့ စာမျက်နှာကို ဖွင့်ပါတယ်။ ထိပ်ဆုံးမှာ cursor ချပြီး အားလုံး select ဖြစ်အောင်လုပ်ပါတယ်။ (ပုံတွေကိုပါ လုပ်ရမှာပါ။ select ဖြစ်သွားရင် invert color ဖြစ်သွားပါတယ်)။ select လုပ်ပြီး right-click လုပ်ပြီး copy နှိပ်ပါတယ်။
Image Hosting by imagefra.me

run မှာ mspaint လို့ရေးပြီး paint ကို ဖွင့်ပါတယ်။ (mspaint (သို့) pbrush လို့လည်း ရေးနိုင်ပါတယ်။ All Programs ထဲက Accessories ထဲမှာလည်း paint ဆိုပြီး ရှိပါတယ်)
paint ရဲ့ Edit - Paste ကို နှိပ်ပေးလိုက်ပါ။ (Ctrl+V ကိုနှိပ်ရုံနဲ့လည်းရပါတယ်)
Image Hosting by imagefra.me

ခုနက ကူးလိုက်တဲ့ ပုံစုံအတိုင်း ပေါ်လာမှာပါ။
Image Hosting by imagefra.me

Save as ကိုနှိပ်ပြီး jpeg ဖိုင်အမျိုးအစားကို ရွေး save ပေးလိုက်ပါ။
Image Hosting by imagefra.me