Showing posts with label Knowledges. Show all posts
Showing posts with label Knowledges. Show all posts

Thursday, 17 September 2009

Ulead GIF Animator 5.05

ဓါတ်ပုံကို Animation လုပ်ချင်လို့တဲ့ မေးနေကြတယ်။ ကျနော် သုံးဖြစ်တာတော့ ဒီကောင်ပဲ ။ သုံးဖြစ်တယ်ဆိုလို့ အထင်မကြီးနဲ့ဦး ။ gif animation က သိရုံဆိုရုံ၊ လုပ်တတ်တယ်ဆိုရုံလေးရယ်။ ကျနော်က သိတဲ့အတိုင်း လိုင်းကြောင်တယ်လေ။ အကုန်စိတ်ဝင်စားနေတာ ဆိုတော့။ စိတ်ဝင်စားရင် ဒါအရင်ယူထား Ulead ရဲ့ Gif Animation အတွက် နောက်ဆုံး ထုတ်ပါပဲ ။ Full Version ဖြစ်ပါတယ်။ ဘာကီးမှ မလိုပါဘူး။ Mirror သုံးခုက တင်ပေးထားပါတယ်။


Mirror 1 : Download From Fileden
Mirror 2 : Download From Zshare
Mirror 3 : Download From Mediafire

သူ့မှာပါတဲ့ sample လေးတွေကို ကြည့်ရုံနဲ့ ဘယ်လိုသုံးရမယ် ဆိုတာ သိနိုင်ပါတယ်။ Movie တွေကို ဆိုရင် ပိုလွယ်ပါတယ်။ open နဲ့ movie ဖိုင်တစ်ခု ဖွင့်လိုက် gif type နဲ့ ပြန် save ပေးလိုက်ရုံပါပဲ။

Water-Reflection Photo Animation Maker

ခု အရမ်းလွယ်ပြီး သဘောကျဖို့ကောင်းတဲ့ gif animation လေးတစ်ခ ပြမယ်။ အောက် ပုံမှာကြည့်လိုက် ...

Image Hosting by Picoodle.com

Online King/Queen တွေကတော့ ခဏခဏတွေ့နေလိမ့်မယ်။ ဒီလို ရေရိပ်ပေါ်တဲ့ effect မျိုးတွေ လုပ်လို့ရတဲ့ site တွေ အများကြီးပဲ။ ဒါက လုံးဝ အင်တာနက် မလိုဘူး။ Portable ၊ နောက်ပြီး အရမ်းလွယ်သလို မိမိ စိတ်ကြိုက် Customize လုပ်လို့ ရသေးတယ်လေ။ ဒေါင်းလုပ်ချလိုက်ပါဦး ....


Download Mirror 1 : Mediafire (Water-Reflection)

Download Mirror 2 : Zshare (Water-Reflection)

ဘာမှ ပြောပြနေစရာမလိုအောင် ကို လွယ်ပါတယ်။ ပိုလွယ်သွားအောင် နည်းနည်း ပြောပြလိုက်မယ်နော်။ Portable ပဲဖြစ်လို့ ဖွင့်လိုက်တာနဲ့ ။ အောက်ပါအတိုင်း မြင်ရပါမယ်။
Image Hosting by Picoodle.com

menu bar တစ်တန်းပဲပါတယ်။ အရမ်းကို ရှင်းပါတယ်။ ရှေ့ဆုံးက icon က ပုံယူဖွင့်ဖို့။ ဒုတိယက လုပ်ထားတာကို အစမ်းကြည့်ဖို့။ တတိယက save ဖို့။ သူ့နောက်က images ဆိုတဲ့ အကွက် ရေအရိပ်ရဲ့ ပုံရိပ်လှုပ်ရှားနှုန်းပဲ ဖြစ်ပါတယ်။ နောက်တစ်ကွက်ကတော့ အမြင့်ပေါ့။ (Height ပါဆိုမှ .. လျှာရှည်နေသေးတယ်)။ နောက်ဆုံးက နှစ်ခုကတော့ မြင်ကွင်း ပြောင်းလဲမှုပေါ့။

Image Hosting by Picoodle.com

စမ်းကြည့်။ အရမ်းကိုလွယ်တယ်။ အမျိုးတွေမို့ လျှာရှည်ပြီး ပြောပြနေတာ။ သဘောကျကျမကျကျ အလကားရတာပဲ စမ်းကြည့်ပေါ့ ...