Thursday, 1 October 2009

Photoshop နဲ့ မျက်နှာအလှပြင်မယ်


ပထမဆုံးအနေနဲ့ မိမိအသုံးပြုမယ့် ပုံကို ဖွင့်လိုက်ပါ။ File >> Open (Ctrl+O )(ကျွန်တော်အသုံးပြုတဲ့ မူရင်းပုံလေးကို ဒီမှာ ယူလိုက်ပါ။) ဖွင့်ပြီးပြီဆိုလျှင် ပုံတွင်ပြထားသည့်အတိုင်း Tools bar မှ Edit and Quick Mask Mood (Q) ကို ရွေးလိုက်ပါ။ ( Q ကိုနှိပ်လျှင်လည်းရပါသည်။)


ထို့နောက် Tools ထဲမှ Brush Tool ကိုရွေးချယ်ကလိုက်ပါ။

Brush Size ကို သင့်တော်ရုံထားပြီး အောက်ပါအတိုင်း မျက်နှာပေါ်ရှိ မိမိရွေးချယ်လိုတော့ နေရာများကို Brush Tool ဖြင့် ချယ်လိုက်ပါ။

အရောင်ချယ်ထားသော အပိုင်းကို ရွေးချယ်ရန်အတွက် Q ကိုနှိပ်လိုက်ပါ။ ထိုအခါ အောက်ပါအတိုင်း ရွေးချယ်ပြီးသားဖြစ်နေပါလိမ့်မည်။

သို့သော် ယခုရွေးချယ်ထားသောအပိုင်းသည် ရောင်ချယ်ထားသော အပိုင်း၏ အပြင်ဘက်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်မှုကို ပြောင်းပြန်ဖြစ်ရန်အတွက် အောက်ပါအတိုင်း Menu Bar မှ Select >> Inverse သို့ သွားပါ။

ယခုဆိုလျှင် မိမိပြင်လိုသောအပိုင်း မျက်နှာနှင့် လက်ကို ရွေးချယ်ပြီးဖြစ်နေပါပြီ။ ထို့နောက် Ctrl + J ကိုနှိပ်လိုက်ပါ။ ရွေးချယ်ထားသော အပိုင်းကို Copy ကူးလိုက်ခြင်းဖြစ်ပါသည်။

Layer Box တွင် အထက်ပါပုံအတိုင်း မြားအနီပြထားသောနေရာတွင် Layer တစ်ခု ပေါ်လာပါမည်။ ထို့နောက် Filter tool >> Blur >> Gaussian Blur ကိုသွားပါ။

Gaussian Blur Box ပေါ်လာပါမည်။ Radius ကို 4.2 pxl လောက်ထားပြီးလျှင် OK ပေးလိုက်ပါ။

Layer Box မှ Opacity ကို 60% ထားလိုက်ပါ။

အောက်ပါပုံတွင် အနီဝိုင်းဖြင့် ပြထားသော နေရာကို မောက်စ်ဖြင့် ထောက်က New Layer တစ်ခု ခေါ်လိုက်ပါ။

ထို့နောက် Brush Tool ကိုရွေးချယ်ပြီး Brush color ကို အ၀ါရင့်ရောင် ပြောင်းလိုက်ပါ။

အရောင်ရွေးချယ်ပြီး OK ပေးလိုက်ပါ။ ထို့နောက် အောက်ပါတိုင်း Brush size ကို သင့်တော်ရုံထားပြီး မျက်လုံးတစ်ဖက်နေရာတွက် အ၀ါရောက် မျက်စံများ ချယ်လိုက်ပါ။

Filter >> Blur >> Gaussian Blur ကိုသွားပါ။ Gaussian Blur Box ပေါ်လာပါမည်။ Radius ကို
1.2 pxl ထားလိုက်ပါ။ ပြီးလျှင် OK ပေးလိုက်ပါ။

ထို့နောက် Layer Box တွင် ပြထားသည့်အတိုင်း Layer ကို Color Burn ပေးလိုက်ပါ။ Opacity ကိုလည်း 45% ထားလိုက်ပါ။

ပြီှးလျှင် အထက်တွင် ဖော်ပြခဲ့သောနည်းအတိုင်း New Layer ခေါ်လိုက်ပါ။(အထက်တွင် ဖော်ပြပြီးဖြစ်ပါသဖြင့် မဖော်ပြတော့ပါ။) ယခုတစ်ခါ နှုတ်ခမ်းကို အရောင်စိုးပေးပါ့မယ်။ အထက်တွင် ပြောခဲ့သည့်နည်းအတိုင်း Brush Tool ကို ရွေးချယ်ပါ။ Foreground Color ကို အနီရောက် ပြောင်းလိုက်ပါ။ ပြီးလျှင် OK ပေးပါ။

Brush size ကို သင့်တော်ရုံ ထားပြီး နှုတ်ခမ်းကို အောက်ပါအတိုင်း အရောင် ချယ်လိုက်ပါ။

Layer Box တွင် Layer ကို Soft Light ထားလိုက်ပါ။ Opacity ကို 30% ထားပြီး OK ပေးလိုက်ပါ။

ပြီးလျှင် အထက်တွင် ပြခဲ့သည့် နည်းအတိုင်း New Layer တစ်ခု ထပ်ခေါ်ပါ။ ဒီတစ်ကြိမ်တော့ မျက်တောင်အလှချယ်မှာဖြစ်ပါတယ်။ Foreground Color ကိုတော့ အနက်ရောက်ဖျော့ဖျော့ ထားပြီး OK ပေးလိုက်ပါ။

Brush ကိုရွေးချယ်ပြီး Brush size ကို သင့်တော်ရုံထားပြီး အောက်ပါအတိုင်း အပေါ်မျက်ခမ်းစပ်ကို အမဲရောက်ချယ်ပေးပါ။

Filter >> Blur>> Gaussian Blur ကိုသွားပါ။ Gaussian Blur Box တွင် Radius ကို 2.0 pxl ထားကာ OK ပေးလိုက်ပါ။

ပြီးလျှင် New Layer တစ်ခုထပ်ခေါ်ပါ။ Foreground color ကို အပြာနုရောင် ခပ်ဖျော့ဖျော့လေး ပေးလိုက်ပါ (#12BDD6)။

Brush Tool ဖြင့် အောက်ပါအတိုင်း အိုင်းရှဲဒိုးလေး ဆွဲပေးလိုက်ပါ။

ပြီးလျှင် Filter >>Blur >> Gaussian Blur ကိုသွားပါ။ Gaussian Blur Box တွင် Radius ကို 5.8 pxl ထားပြီး အိုကေ ပေးလိုက်ပါ။

Layer Box တွင် Opacity ကို 30% ပေးလိုက်ပါ။ ပြီးလျှင် New Layer တစ်ခုကို ထပ်ခေါ်လိုက်ပါ။ Foreground Color ကို မိတ်ကပ်ရောင်လေး ပြောင်းပြီး OK ပေးလိုက်ပါ။

Brush Tool ကိုအသုံပြုပြီး အောက်ပါအတိုင်း ပါးပြင်ပေါ်တွင် မိတ်ကပ်ရောင်လေး ခြယ်လိုက်ပါ။

Filter>>Blur>>Gaussian Blur ကိုသွားပါ။ Gaussian Blur Box တွင် Radius ကို 40 pxl ထားပြီး OK ပေးပါ။

ထို့နောက် Eraser Tool ကို အသုံးပြုပြီး မျက်နှာ အပြင်ဘက်ရှိ နေရာများကို ဖျက်ပစ်လိုက်ပါ။(မှတ်ချက်။ အရောက်များ အပြင်ဖက်သို့ ပျံ့နေသောကြောင့်ဖြစ်သည်။ မလုပ်လျှင်လဲ ရပါသည်။) အားလုံးပြီးသွားသောအခါ Layer >>Marge Visible ပေးလိုက်ပါ။ (Shift+Ctrl+E နှိပ်လျှင်လည်းရပါသည်။)

ယခုဆိုလျှင် Layer အားလုံးကို ပေါင်းပြီးသားဖြစ်သွားပါပြီ။ မိမိပြင်ထားသောပုံကို color တင်မှာဖြစ်ပါတယ်။ Image>>Adjustments>>Levels ကိုသွားပါ။ (Ctrl+L) နှိပ်လိုက်လျှင်လည်း ရပါသည်။ ပေါ်လာသော Box တွင် အောက်ပါအတိုင်း အနီဝိုင်းလေးပြထားသော နေရာသို့ ရွှေ့လိုက်ပါ။ ပြီးလျှင် OK ပေးလိုက်ပါ။

ယခုဆိုလျှင် ပြင်ပြီးသားပုံလေးကို ရသွားပါပြီ။ ပျော်ရွှင်စွာ ဖန်တီးနိုင်ကြပါစေ .....



Adobe InDesign

DOWNLOAD

Adobe InDesign CS3


Adobe InDesign EBOOK















How To Do Everything Adobe InDesign CS4

English | PDF | 384 pages | 14.3MB


Download Links
 

Adobe Premier

 DOWNLOAD

Adobe Premier PlugIn

Adobe_Premier_6



Adobe PageMaker 6.5 (EBOOK)

PAGEMAKER EBOOK




Ebook German Adobe Pagemaker 7





Adobe_Illustrator_CS2_Tryout_to_Full_Activation.zi p

DOWNLOAD







Adobe_Illustrator_CS2



Adobe Illustrator Brushes library


 Adobe Illustrator Swatches & Styles library




Adobe Illustrator Gradients & Charts library



ADOBE ACROBAT

DOWNLOAD : Adobe Acrobat Reader Version 8.1.zip




Adobe Acrobat Reader 6.01.rar 

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို ဖိနပ်နဲ့ပေါက် ဆန္ဒပြ



Nyan Winနယူးယောက် (စက်တင်ဘာ ၂၈) - ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသာ မြန်မာ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို မြန်မာကိုယ်စားလှယ် အဖွဲ့တည်းခိုရာ ဟိုတယ်ရှေ့တွင် ဆန္ဒပြနေသူတစ်ဦးမှ ဖိနပ်နှင့် ပစ်ပေါက်ဆန္ဒပြခဲ့သည်ဟု သိရသည်။ (ဗီဒီယိုပါကြည့်ရှုနိုင်သည်)

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်အဖွဲ့ တည်းခိုသည့် East Gate ဟိုတယ်အရှေ့တွင် တနင်္လာနေ့ မနက် အစောပိုင်းကတည်းက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုရုံးဆန္ဒပြနေခဲ့ရာ ကိုယ်စားလှယ်အဖွဲ့နှင့် လိုက်ပါလာသူအချို့က ဆန္ဒပြသူများကို ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးသွားခဲ့သည်။ ညီလာခံတက်ရောက်ရန်အတွက် ဦးဥာဏ်ဝင်း ဟိုတယ်မှ ထွက်လာချိန်တွင် ဆန္ဒပြသူများ ပိုမိုပြင်းထန်စွာ ဆန္ဒပြခဲ့ကြပြီး ဦးဥာဏ်ဝင်း လိုက်ပါသွားသော ကားကို ဆန္ဒပြသူတစ်ဦးမှ ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည်ဟု သိရသည်။ ဖိနပ်နှင့် ပစ်ပေါက်သူ အဆိုပါ မြန်မာတစ်ဦးကို နယူးယောက်ရဲတပ်ဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ပြီး မကြာမီ ပြန်လွှတ်ပေးခဲ့သည်ဟု VOA သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။ ဟိုတယ်ရှေ့တွင် ပိတ်ဆို့ ဆန္ဒပြမှုများ ရှိနေသဖြင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည်လည်း ဟိုတယ်အနောက်ပေါက်မှ ညီလာခံကျင်းပရာ ကုလသမဂ္ဂဌာနချုပ်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့ရသည်ဟု သိရသည်။ ဆန္ဒပြသူများတွင် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်လည်း ပါဝင်သည်။




http://www.youtube.com/watch?v=SijFNXBu_v8&feature=player_embedded