Friday 18 September 2009

MS TO PDF CONVECTOR

မိမိ ပြောင်းလိုတဲ့ MS Word Document ကို ဖွင့်လိုက်ပါ..။ထိုမှတဆင့် Main Menu--> File --> Print ကို Click လိုက်ပါ..။

Print Box တက်လာရင် Name နေရာမှာ Printers list မှ Universal Document Converter ရွေးလိုက်ပါ..။ ပြီးရင် ဘေးမှာ ရှိတဲ့ Properties ကို ထပ် Click လိုက်ပါ..။

Universal Document Converter Properties Box တက်လာပါလိမ့်မယ်..။ Settings Tag မှ Current Profile နေရာမှာ Document to JPEG , Color ကို ရွေးလိုက်ပါ..။

ပြီးရင် အောက်မှာ Image Settings Tab ပေါ်လာပါလိမ့်မယ်..။ အဲဒီနေရာမှာ မိမိပြောင်းလိုတဲ့ File Format အမျိုးအစားကို ရွေးပေးပြီး OK ကို Click လိုက်ပါ..။

Microsoft Word Print မှာ စတင်ပြီး Converting လုပ်နေပါပြီ..။ Image File ကို ပြောင်းပြီးတဲ့ အခါမှာ Default အားဖြင့် C:\UDC Output Files Folder မှာ သွားပြီး သိမ်းပါတယ်..။

နောက်ဆုံး အားလုံးပြီးသွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ လိုချင်တဲ့ File Format အတိုင်း ပုံ ထွက်လာပါပြီ..။ တခြားလုပ်လို့ ရတာတွေလဲ အများကြီး ရှိပါတယ်..။ ကိုယ်တိုင်ပဲ စမ်းကြည့်လိုက်ပါတော့.. :D ။


Ref : http://www.print-driver.com

အဆင်ပြေပါစေ

No comments:

Post a Comment