Friday 18 September 2009

ကွန်ပြူတာ speed မြန်နေအောင်

ကွန်ပြူတာ speed မြန်နေအောင် ဘယ်လိုလုပ်မလဲ။

၁။ Defragment ကိုပုံမှန်လုပ်ပါ။

၂။ Registry Cleaning Tools ကိုသုံးပါ။

၃။ Startup Program တွေနဲနိုင်သမျှနဲအောင်ထားပါ။ Startup Program များလေ စက်နှေးလေပဲ။

၎။ prefetch files တွေကို တစ်လတစ်ခါရှင်းပါ။
Startmenu>run မှာ prefetch ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
Folder တစ်ခုပွင့်လာလိမ့်မယ်။ အဲဒီ folder ထဲက files တွေအားလုံးကို ဖျက်ပစ်လိုက်၊ ပြီးရင် restart လုပ်လိုက်။
ကွန်ပြူတာ မြန်လာလိမ့်မယ်။

အောက်က Tweak လေး တွေလဲ စမ်းကြည့်ပါအုံး။ (ဒါတွေကို Website တစ်ခုမှာတွေ့တာ။ အကုန်လုံးနီးပါး Registry ပြင်တာတွေပဲ။

note- Registry ကိုပြင်ရန် Startmenu>Run မှာ regedit ကိုရိုက်ပြီးဖွင့်ပါ။

Startmenu ဖွင့်ချိန်မြန်အောင်

HKEY_CURRENT_USER \ Control Panel \ Desktop \ MenuShowDelay ရဲ့ တန်ဖိုး မူလ 400 ကို 5 သို့ 0 ပြောင်းလိုက်ပါ။

Swap File (Page File)

သင့်ရဲ့ကွန်ပြူတာမှာ memory က 512MB အထက်ဆိုရင် Swap File (Page File) ကို disable လုပ်လိုက်ရင်ပိုမြန်လာ လိမ့်မယ်။ ဒါပေမယ့် memory အစားတဲ့ ဂိမ်းတွေဆော့လို့တော့မကောင်းဘူး။

Swap File (Page File) ကို disable လုပ်ရန်

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management က
DisablePagingExecutive ရဲ့တန်ဖိုးကို 0 က 1 ပြောင်းလိုက်ပါ။

Shutdown Speed မြန်အောင်

HKEY_CURRENT_USER\CONTROL PANEL\DESKTOP က
AutoEndTasks တန်ဖိုး 0 ကို 1 ပြောင်း ပြီးရင်
WaitToKillAppTimeout တန်ဖိုး 20000 ကို 3500 ပြောင်း လိုက်ပါ။

shutdown speed မြန်လာတာတွေရလိမ့်မယ်။

Boot တက်တာမြန်အောင်

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction က Enable တန်ဖိုး N ကို Y ပြောင်းပါ။

Write Caching

Write Caching သုံးပြီး စက်ကိုမြန်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် UPS မခံထားရင် မသုံးသင့်ဘူး။ ဘာလို့လဲဆိုတော့ Data ကို RAM ထဲမှာပဲထားပြီး အချိန်တစ်ခု(သို့) RAM ပြည့်သွားမှ ဟာ့ဒစ် ပေါ်ကိုရေးလို့။ မီးပျက်သွားရင် RAM ပေါ်က Data အကုန်သွားပြီ။
Write Caching ကို ဒီလိုလုပ်ပါ။
Device Manager ကိုဖွင့် > Disk Drive အောက်က Hard Disk ကို Right-click လုပ်ပြီး properties ကိုသွားပါ။
Policies Tab အောက်က Enable write caching on the disk ကို tick လုပ်ပါ။ ဒါဆိုရပါပြီ။

MFT (Master Files Table) Size ပြင်ခြင်း

MFT (Master Files Table) Size ပြင်ပြီးတော့လဲ စက်မြန်အောင်လုပ်လို့ရပါတယ်။
HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်မှာ key အသစ် NtfsMftZoneReservation ကို REG_DWORD အနေနဲ့ အသစ်ဖွင့်ပါ။
တန်ဖိုးကို 2 ထားပါ။ MFT (Master Files Table) Size ပြင်ခြင်း ပြီးပါပြီ။

DOS-Program တွေမသုံးဘူးဆိုရင်

HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်က NtfsDisable8dot3NameCreation တန်ဖိုး 0 ကို 1 ပြောင်းလိုက်ပါ။ Speed မြန်လာပါလိမ့်မယ်။

နောက်ထပ်သိရင်ထပ်ရေးပါ့မယ်။

No comments:

Post a Comment