Monday 28 September 2009

Data ဖိသိပ်ခြင်း နှင့် Hard disk သမိုင်းကြောင်း

ဆရာဖိုးနိုင်ဝင်း ရဲ့ Data,Information နဲ့ Storage Device များ ဆောင်းပါးရဲ့ နောက်ဆုံး ပိုင်းဖြစ်ပါတယ်။ ဖတ်နေကြတဲ့ လူတွေ အတွက် ဘာမှ ထပ်ပြောပြနေဖို့ မလိုတော့ပါဘူးနော်။ မဖတ်ရသေးတဲ့ လူတွေ အတွက် နာမည်တွေမှာ click နှိပ်ပြီး ကြည့်လိုက်ပါ။ ကဲ လေ့လာလိုက်ပါဦး။ အင်မတန် ကောင်းတဲ့ ဗဟုသုတ တွေပါ ဗျာ .....

Data Compression
Image Hosting by Picoodle.com
Data တွေနဲ့ ပတ်သတ်လို့ သိထားသင့်တဲ့ အချက်တစ်ခုကတော့ Data Compression (အချက်အလက်တွေကို ဖိသိပ် သိမ်းဆည်းခြင်း) ဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင် ပုံမှန်သိမ်းဆည်းတဲ့ ပမာဏထက်ကို လျော့နည်းအောင် စကားလုံးတူတာတွေကို endcode လုပ် သိမ်းတဲ့နည်းဖြစ်ပါတယ်။ ဥပမာ ပြောရရင် စာတစ်ပိုဒ်ထဲမှာ The man and the woman ပါနေတယ် ဆိုပါစို့။ "The man and 1 Wo2" ဆိုပြီး the ဆိုတာနဲ့ man ဆိုတာကို ဘုံထုတ်ပြီး code လုပ် သိမ်းဆည်းလိုက်တဲ့ အတွက် သိမ်းဆည်းရတဲ့ ပမာဏ လျော့နည်းသွားစေပြီး file ရဲ့ ပမာဏ သေးသွားစေတာ ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ storage media တစ်ခုထက် ဖိုင်အရွယ်အစား ပမာဏ ပိုကြီးနေတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ ရှင်းအောင်ပြောရရင်တော့ ပုံတစ်ပုံဟာ 2MB ရှိနေတယ် ဆိုပါစို့။ floppy disk က 1.44 MB ပဲ ဆံ့တဲ့အတွက် ပုံမှန်အတိုင်း သိမ်းဆည်းလို့ မရနိုင်ပါဘူး။ Data Compression ပရိုဂရမ် တစ်ခုခု သုံးပြီး ဖိုင်အရွယ်ပမာဏ ကို လျှော့ချသိမ်းဆည်းနိုင်တာမျိုးဖြစ်ပါတယ်။ Win Zip ပရိုဂရမ်ဟာ Data Compression လုပ်တဲ့ ပရိုဂရမ်တွေထဲမှာ ထင်ရှားပြီး အသုံးများပါတယ်။ ( အခုခေတ်မှာ တော့ Win Rar ကို ပိုသုံးများလာကြပါတယ်။ ကျနော် win rar အသုံးပြုနည်းကို ဒီပို့စ်လေးမှာ ရေးခဲ့ ပြီးပါပြီ။ ) More ရဲ့ ဥပဒေသဟာ ၁၈လ ကြာတိုင်းကြာတိုင်း transistor တွေရဲ့ ၀င်ဆံ့တဲ့ ပမာဏ နှစ်ဆတိုးစေတယ်လို့ ဆိုပါတယ်။ (အခု အနည်းငယ် သွေဖည်နေပါပြီ။ P4 မှာ transistor နှစ်ဆ မထည့်သွင်းနိုင်တော့ပါဘူး။) Storage device တွေမှာ Data တွရဲ့ ၀င်ဆံ့မှုပမာဏတွေကို ဆန်းစစ်ကြည့်ရင် ၁၂လ ကြာတိုင်းကြာတိုင်း ၀င်ဆံ့မှု ပမာဏ နှစ်ဆတိုးတာတွေ့ရပါမယ်။ အသုံးပြုတဲ့ နည်းပညာ အမျိုးအစားကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဘယ်ပစ္စည်းတွေ ဘယ်တုန်းကပေါ်တယ်၊ ဘယ်လောက်ဆံ့တယ်ဆိုတာကို နှိုင်းယှဉ်ပြထားတာကို ဆက်ပြီး ဖတ်ရှုကြည့်ပါဦး။


IBM ရဲ့ 350 Disk Storage Unit (1956)
ပထမဦးဆုံး Random Access Hard Disk ဖြစ်ပါတယ်။ အရွယ်အစား အနေနဲ့ ရေခဲသေတ္တာအသေးစားလောက် ရှိပြီး သူ့ထဲမှာ အချင်းနှစ်ပေရှိတဲ့ သတ္တုဝိုင်းပြား (Platters) အချပ် ၅၀ သုံးထားပါတယ်။ Data ၀င်ဆံ့မှု 5 MB ပဲ ရှိခဲ့ပြီး လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာမျက်နှာ ၁၅၀၀ လောက်ပဲ ဆံ့ပါတယ်။
Image Hosting by Picoodle.com

IBM ရဲ့ 3340 Hard disk (1973)
ပထမဦးဆုံး Winchester Hard disk ဖြစ်ပါတယ်။ Capicity အနေနဲ့ 70MB ဆံ့ပါတယ်။ platter အရွယ်အစား 8" ရှိပြီး Platter အချပ်ရေ ၄ ချပ်ပဲ သုံးထားပါတယ်။
Image Hosting by Picoodle.com

Seagate ရဲ့ 5.25" Hard disk (1980)
ပထမဦးဆုံး 5.25" Hard disk ဖြစ်ပြီး Platter လေးခုမှာ Data တွေ ဆံ့တဲ့ ပမာဏ 5MB ရှိပါတယ်။ Atari ရဲ့ Pac-Man ဆိုတဲ့ ဂိမ်းထည့်သွင်းခဲ့ရင် ဂိမ်း ၁၃၀၀၀ ထည့်သွင်းနိုင်လောက်တဲ့ ပမာဏ ရှိပါမယ်။ ရောင်းဈေး ဒေါ်လာ ၆၀၀ ရှိလို့ 1MB ကို ဒေါ်လာ ၁၂၀ တန်ဖိုး ကုန်ကျပါမယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

CD-ROM Drive (1985)
1985 မှာ ပထမဦးဆုံး PC သုံး CD-ROM တွေကို ပွဲထုတ်ခဲ့ပြီး 650 MB digital Audio အနေနဲ့ ၇၄ မိနစ်စာ ဆံ့ပါတယ်။ အရွယ်အစား 5" ပဲ ရှိပါတယ်။
Image Hosting by Picoodle.com

Pvairie Tek 220
ပထမဦးဆုံး 2.5" Hard disk ကို တီထွင်ခဲ့ပြီး portable PC တွေမှာ သုံးခဲ့ပါတယ်။ Platter နှစ်ချပ်ပဲ သုံးထားပြီး စုစုပေါင်း 20MB ဆံ့တဲ့အတွက် Platter တစ်ချပ်မှာ 10 MB ဆံ့ပါတယ်။ Britannica စွယ်စုံကျမ်း နှစ်စုံစာ ဆံ့ပါမယ်။ ဈေးနှုန်း ဒေါ်လာ ၇၀၀ ရှိတဲ့ အတွက် 1MB ကို ၃၅ ဒေါ်လာ ကျသင့်ပါတယ်။

DVD-RAM (1998)
ပြန်ရေးနိုင်တဲ့ DVD-RAM drive တွေ ၁၉၉၈ မှာ ဈေးကွက်တင်ခဲ့ပြီး CD နဲ့ အရွယ်အစားတူတဲ့ disc တစ်ချပ်မှာ 5.2 GB ဆံ့ပါတယ်။ CD နဲ့ မတူတဲ့ အချက်ကတော့ နှစ်ဖက်စလုံးသုံးတဲ့ Double-sided ဖြစ်ပါတယ်။ တစ်ဖက်မှာ 2.6GB ဆံ့ပါတယ်။ Hollywood ရုပ်ရှင် နှစ်နာရီစာလောက် ဆံ့ပါတယ်။

IBM ရဲ့ Micro-Drive
IBM ရဲ့ Micro-Drive အသစ်ဟာ Portable device ဖြစ်ပြီး အရွယ်အစား ၁.၇ လက်မ x ၁.၄ လက်မ ရှိပါတယ်။ 34MB ဆံ့ပြီး Platter အရွယ်အစား တစ်လက်မလောက်ပဲ ရှိပါတယ်။ 2-Megapixel ဒစ်ဂျစ်တယ် ပုံတွေ ၅၅ ပုံလောက် ဆံ့ပါမယ်။
Image Hosting by Picoodle.com

Quinta ရဲ့ Optically Assisted Winchester (QAW) (2001)
1999 တုန်းက QAW တွေဟာ 2001 မှာ ဈေးကွက် တင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ Data ၀င်ဆံ့မှု 40 GB ရှိပြီး platter ရဲ့ အရွယ်အစား ၃.၅ လက်မ ရှိပါတယ်။ တစ်လက်မ ပတ်လည်ရှိတဲ့ ဧရိယာမှာ ဆိုရင် 20GB ဆံ့ပါတယ်။ ရောင်းဈေး ဒေါ်လာ ၁၀၀၀ လောက် ရှိမှာ ဖြစ်တဲ့အတွက် 1 MB ပေါ်မှာကုန်ကျစရိတ် 1 Cent ပဲ ရှိပါတယ်။ (၁၉၉၉ တုန်းက ခန့်မှန်းတာ ဖြစ်ပြီး လက်တွေ့မှာ ဈေးကွက်တင်နိုင်ခြင်း ရှိမရှိ သေသေချာချာ မသိရပါ။)

3.5" သာမန် Hard drive (2005) ခန့်မှန်း
လက်ရှိသုံးစွဲနေတဲ့ Hard drive တွေဟာလည်း နည်းပညာ ပိုင်းဆိုင်ရာ တိုးတက်လာမှုကြောင့် ၂၀၀၅ ခုနှစ်လောက်ကျရင် Platter ၅ ခုသုံး Hard drive တွေဟာ 280 GB လောက်ရှိလာပါမယ်။
Storage media တွေမှာ Data တွေ ပိုဆံ့လာသလို Operation system တွေရဲ့ လိုအပ်တဲ့ ပမာဏဟာလည်း ပိုများလာပါတယ်။
၁၉၈၁ မှာ ဖြန့်ချိတဲ့ MS-DOS (Microsoft Disk Operating System) ဟာ Disk space 160 လောက်ပဲ လိုအပ်ပါတယ်။ ၁၉၉၂ မှာ ဖြန့်ချိတဲ့ windows 3.11 ဟာ Standard installation အတွက် 10 MB လိုအပ်ပြီး ၁၉၉၉ Microsoft windows 2000 ဟာ Browser အပါအ၀င် Install လုပ်ခဲ့ရင် 1000 MB နေရာလွတ် လိုပါမယ်။
Storage device တွေဟာ ရွှေ့ပြောင်းသယ်ဆောင်ဖို့ အတွက် အပြင် တခြား လူသုံး၊ အိမ်သုံး၊ အီလက်ထရောနစ် ပစ္စည်းတွေမှာပါ သုံးစွဲဖို့အတွက် ပိုပြီးသေးငယ်ပေါ့ပါးအောင် တီထွင်ထားတာတွေ ရှိပါသေးတယ်။ အခု နှိုင်းယှဉ်ရေးသားထားတဲ့ အချက်အလက်တွေကတော့ အသေးစိတ်နှိုင်းယှဉ်ပြထားတာ မဟုတ်ပါဘူး။ storage device တွေကို ဘယ်လိုပဲ နှိုင်းယှဉ်ကြည့်ကြည့် ကွန်ပျူတာ ပစ္စည်းတွေဟာ ပိုသေးရမယ်၊ ပိုပေါရမယ်၊ ပိုဆံ့ရမယ် ဆိုတဲ့ ဥပဒေအတိုင်း ပိုသေး၊ ပိုဆံ့၊ ပိုပေါလာတာ ကတော့ အမှန်ပဲ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဒီနေရာကို နှိပ်ပြီး နှစ် ၅၀ Hard disk သမိုင်းကြောင်း ကိုလည်း လေ့လာကြည့်လိုက်ပါဦး။ ကျနော် မြန်မာလို ပြန်မရေးတော့ပါဘူး ။ ဗဟုသုတ တိုးပိုးပါစေကြောင်း ဆုတောင်းရင်း ...



No comments:

Post a Comment