Thursday 17 September 2009

Folder နဲ့ Drive ကို D-Click နိုပ်လို့ Open နဲ့ မပွင့်ရင်

အောက်က ပို့စ်မှာ ပြောခဲ့တာကို စမ်းလုပ်ကြည့်လိုက်ပါ။ File Folder ကိုရော၊ Drive ကိုရော icon ပြောင်းလိုက်လို့ D-Click နိုပ်ရင် Open မဖြစ်တော့ပါ search ဆိုပြီး ဖြစ်နေပါတယ်။ Folder ကို အောက်ပါနည်းအတိုင်း ပြန်ပြင်နိုင်ပါတယ်။
Run မှာ regedit လို့ ရေးပြီး Registry Editor ကို ၀င်ပါတယ်။ အောက်ပါ DTree အတိုင်းသွားပါတယ်။
HKEY_CLASSES_ROOT\ Directory\ shell
shell ကို click ပြီး ညာဘက်ကပေါ်လာတဲ့ သူ့ရဲ့ Default ဆိုတဲ့ item လေးကို D-Click ပေးပြီး Value ကို none လို့ရေးပေးလိုက်ပါတယ်။ ဒါဆို Folder က အဆင်ပြေသွားပါပြီ။

Image Hosted by ImageShack.us

Drive ကို ပြောင်းမိလို့ search နဲ့ ပွင့်နေရင် Run မှာ အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
regsvr32 /i shell32.dll

အဲလိုရေးလိုက်ရင် အောက်ပါအတိုင်း Alert ပေါ်လာပါမယ် ။ Ok ပေးလိုက်ပါ။

Image Hosted by ImageShack.us

Drive က Open(explorer) နဲ့ ပြန်ဖွင့်လို့ ရသွားပါလိမ့်မယ်။

No comments:

Post a Comment