Thursday 17 September 2009

Installing ubuntu 8.10 without CD and Internet

ကျနော် Ubuntu 8.10 ကို ဒီမှာ ဒေါင်းလုပ် လုပ်ဖို့ ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် Install လုပ်ဖို့ ကိုတိုင်မရေးပဲ ပုံနဲ့ ပြထားတာတွေကိုပဲ ညွှန်းခဲ့ပါတယ်။ အခု အင်တာနက်လည်းမရှိ CD drive လည်းမရှိတဲ့ ကွန်ပျူတာမှာတောင် ubuntu ကို အလွယ်တကူ တင်လို့ရတဲ့နည်းလေးမျှဝေချင်ပါတယ်။ ကိုကိုရဲ ဆီက သိခဲ့ရတာပါ။ ကြာနေပါပြီ ကျနော် မရေးဖြစ်ခဲ့ပါဘူး။ တော်တော်လေး အဆင်ပြေလို့ windows နဲ့ Ubuntu ကို dual အနေနဲ့ သုံးချင်ခဲ့ရင် အဆင်ပြေဆုံးမို့လို့ ပြောပြချင်လို့ပါ။ Windows ရဲ့ ဆိုးကျိုးတွေ တောင်းဆိုမှုတွေ ဘယ်လောက်များများ သူ့ကို မစွန့်နိုင်သေးပါဘူး။ use to ဖြစ်နေတာနဲ့အမျှ ထွက်လာတဲ့ software အသစ်ဆန်းတွေကလည်း သူ့အတွက်ကိုပဲ ဦးတည်နေခဲ့တယ်လေ။ ကလိချင်တဲ့လူတွေအတွက်ကတော့ windows မှာ windows ပဲ ။ ဒါပေမယ့် Fedora,Ubuntu စသဖြင့် အခြား OS တွေလည်း စမ်းကြည့်ချင်သေးတယ်လေ။ အဲဒီအတွက် Wubi ဆိုတဲ့ Software ရဲ့ အကူအညီနဲ့ ubuntu 8.10 ကို သုံးကြည့်ကြရအောင်ဗျာ။
Image Hosting by Picoodle.com

wubi-installer 8.10

အပေါ်မှာ Download သွားလုပ်လိုက်ပါ။ 1 MB မပြည့်ပါဘူး ။ Double click နဲ့ run လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ပါလိမ့်မယ်။
Image Hosting by Picoodle.com


မိမိ ဘယ် drive မှာ ထားချင်လဲ ဆိုတာကို ရွေးပေးရပါတယ်။ Format ချစရာ မလိုတဲ့အပြင် မိမိရှိပြီးသား Data တွေကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး။ Drive အလွတ်မရှိခဲ့ရင် နေရာလွတ် အများဆုံး ရှိတဲ့ drive ကို ရွေးပေးလိုက်လို့ရပါတယ်။ အနည်းဆုံး 5 GB တော့ Free space ရှိရပါမယ်။
မိမိမှာ ဒေါင်းပြီးသား Ubuntu 8.10 iso ရှိနေတယ်ဆိုရင်တော့ Internet မရှိပဲ Install လုပ်နိုင်ပါတယ်။ ရှိပြီးသားဆိုရင် မိမိရွေးပေးလိုက်တဲ့ drive (partition) မှာ ထည့်ထားပေးလိုက်ပါ။ ကျနော်က drive G မှာ Install လုပ်ဖို့ နေရာပေးမှာ ဖြစ်လို့ Ubuntu 8.10.iso ဖိုင် ကို Download လုပ်ထားတဲ့ နေရာက ကူးလားပြီး G:\ မှာ Paste လုပ်ထားပေးလိုက်ပါတယ်။
ဒေါင်းမထားရသေးဘူး ဆိုရင်လည်း သူ့ဘာသာ ဒေါင်းပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ Internet လိုပြီပေါ့။

Password ကို နှစ်ခါပြန်ရိုက်ထည့်ပေးပေါ့။ user name နဲ့ password ကို မှတ်ထားဖို့ အရေးကြီးပါတယ်။ log in ၀င်တာနဲ့ user name ရော password ရော ရိုက်ထည့်ပေးရမှာပါ။

ပြီးရင် Next နှိပ်လိုက်။ အောက်ပါအတိုင်း သူ့ဘာသာ လုပ်ပေးနေလိမ့်မယ်။ တကယ်လို့ Ubuntu 8.10 ကို Download လုပ်ပြီး ခုနက ရွေးလိုက်တဲ့ Drive ထဲကို ထည့်မပေးရသေးဘူးဆိုရင် သူ့ဘာသာ Download လုပ်နေမှာဖြစ်ပါတယ်။
Image Hosting by Picoodle.com

iso ကို ထည့်ပေးပြီးသားဆိုရင် ၁ မိနစ်အတွင်း Install လုပ်တာ ပြီးသွားမှာ ဖြစ်ပါတယ်။ Reboot ပေးလိုက်ပါ။
Image Hosting by Picoodle.com

ပြန်တက်လာရင် Boot Menu ပေါ်နေမှာ ဖြစ်ပြီး မိမိလက်ရှိသုံးနေတဲ့ Windows ရဲ့ အောက်မှာ Ubuntu လို့ တွေ့ပါလိမ့်မယ်။ ရွေးပေးလိုက်ရင် သူ့ဘာသာ Ubuntu အတွက် Install ဆက်လုပ်ပြီး တက်လာမှာဖြစ်ပါတယ်။

မသုံးချင်တော့လို့ ပြန်ဖြုတ်မယ်ဆိုရင်လည်း Windows ကိုပဲ သုံးလိုက်ပြီး Add/Remove Programs ကနေ Wubi ကို Uninstall လုပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။

No comments:

Post a Comment